Miss Grand International Welcoming Ceremony

Miss Grand International ပြိုင်ပွဲဝင်များအား ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး မှ လှိုက်လှဲနွေးထွေးစွာကြိုဆိုကြောင်း နှုတ်ခွန်းဆက်ပြောကြား

မြန်မာနိုင်ငံတွင်အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် Miss Grand International ပြိုင်ပွဲကြီးသို့ လာရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံတကာမှပြိုင်ပွဲဝင်အလှမယ်များအား စာနယ်ဇင်းမီဒီယာများထံသို့မိတ်ဆက်သည့် အခမ်းအနားကို ၈.၁၀.၁၈ ရက်နေ့ နေ့လည် ၁း၀၀ တွင် ကရဝိတ်နန်းတော်၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးမှ ပြိုင်ပွဲဝင်များအား ရန်ကုန်မြို့မှလှိုက်လှဲနွေးထွေးစွာကြိုဆိုကြောင်းနှင့် ဦးစီးဆောင်ရွက်သည့် Miss Grand International Organization အား ယခုကဲ့သို့မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လာရောက်ကျင်းပခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကားချီးမြှင့်ပြောကြားခဲ့ပါသည်။