Miss Grand International

ဂုဏ်ယူစွာဖြင့် ဂုဏ်ဆောင်လိုက်ပါ

ကိုယ့်ကျွမ်းကျင်မှု နဲ့ ကိုယ့်လုပ်ငန်းသည် ကိုယ့်နိုင်ငံအတွက် မျက်နှာပန်းလှစေမယ်လို့ ယုံကြည်မှုရှိရင် မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့်ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲကြီးဖြစ်တဲ့ Miss Grand International ပြိုင်ပွဲကြီးဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံး ကမ္ဘာ့အဆင့်မီ နိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီးဖြစ်တဲ့ Miss Grand International ပြိုင်ပွဲကြီးကို အခု ၂၀၁၈ ခုနှစ်မှာ အိမ်ရှင်အဖြစ် ဂုဏ်ယူစွာဖြင့် လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့နိုင်ငံမှာ လက်ခံကျင်းပတာကြောင့် ကမ္ဘာကို ပြသချင်တဲ့ ကိုယ့်နိုင်ငံရဲ့ အလှတရားတွေ ယဉ်ကျေးမှုတွေ ရိုးရာဓလေ့တွေကို ဖော်ထုတ်ပြသနိုင်မယ့် အခွင့်အရေးတွေရှိနေပါပြီ။ ဒါတင်မကပဲ ကိုယ့်နိုင်ငံမှာ ကြီးကျယ်ခမ်းနားလှပတဲ့ အလှမယ်ပြိုင်ပွဲကြီးကျင်းပနိုင်ဖို့ ပံ့ပိုးပေးကြမယ့် လုပ်ငန်းရှင်များနှင့်အတူ သက်ဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်များမှလည်း အောက်ဖော်ပြပါ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်တင်ဆက်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

၁.ပြိုင်ပွဲကြီးကျင်းပရန်အတွက်လိုအပ်သည့် Audio, Lighting, LED နှင့် နည်းပညာကျွမ်းကျင် သူများ

၂.ရုပ်သံရိုက်ကူးထုတ်လွှင့်မည့် TV Channelများ

၃.အကြိုပြိုင်ပွဲများ ၊မိတ်ဆက်ပွဲ နှင့်အခြားပွဲများအတွက်တာဝန်ယူဆောင်ရွက်ပေးလိုသူများ

၎.ပြိုင်ပွဲကျင်းပရန်နေရာနှင့် လက်မှတ်ရောင်းဝယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ

၅.ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်သော ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ

၆.ပြိုင်ပွဲဝင်များနှင့်သက်ဆိုင်ရာတာဝန်ရှိသူများအတွက် နေထိုင်သွားလာရေးအတွက် တာဝန်ယူဆောင်ရွက်ပေးနိုင်သည့် ဟိုတယ်လုပ်ငန်းများ

၇.စားရေးသောက်ရေးအတွက် ဝန်ဆောင်မှုပေးလိုသည့် စားသောက်ဆိုင်လုပ်ငန်းများ

၈.ဝတ်စားဆင်ယင်မှုအတွက် ဒီဇိုင်နာများ၊ ဆံပင်နှင့် မိတ်ကပ်ပညာရှင်များ

၉.သယ်ယူပို့ဆောင် ဆက်သွယ်ဖြန့်ဖြူးရေးလုပ်ငန်းများ

၁၀.လုပ်ငန်းအတွေ့အကြုံရှိ Project Manager နှင့် သက်ဆိုင်ကျွမ်းကျင်မန်နေဂျာများ

၁၁.အထွေထွေလုပ်ငန်းများဆောင်ရွက်ပေးနိုင်မည့် အတွင်းရေးမှူးများ

၁၂.စကားပြန်များ၊ Volunteer များ

၁၃.Marketing ကျွမ်းကျင်သူများ

စိတ်ပါဝင်စားသူများဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဖုန်း - ၀၉၇၇၆၆၁၇၇၅၇၊ ၀၉၇၇၆၆၁၇၇၆၇၊ ၃၉၂၀၉၉