ကြိုတင်နေရာယူပေးနိုင်ပါရန် အထူးမေတ္တာရပ်ခံခြင်

Miss Grand International 2018 ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျှက်ရှိရာနိုင်ငံပေါင်း ၈၀ မှ အလှမယ်များလာရောက်ယှဉ်ပြိုင်လျှက်ရှိပါသည်။

အဆိုပါပြိုင်ပွဲကြီး၏ အကြိုပြိုင်ပွဲဖြစ်သော Prieliminary Competition အား ၂၃.၁၀.၁၈ ရက်နေ့နှင့် Grand Final ပြိုင်ပွဲကြီးအား ၂၅.၁၀.၁၈ နေ့တို့တွင် ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ 
ထိုကဲ့သို့ ကျင်းပပြုလုပ်ပုံများကို မြန်မာပြည်တွင်း ၌ MWD Documentary နှင့် MWD Series Channel များမှ တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်ပြသသွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာရုပ်သံဌာနများ နှင့် ကြည့်ရှုသူပေါင်း သန်း ၂၀ ကျော်ရှိသည့် Miss Grand International Facebook Page မှလည်း Live Streaming ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ထိုကဲ့သို့ ရိုက်ကူးထုတ်လွှင့်ပြသရာတွင် နိုင်ငံပေါင်း ၈၀ မှ စောင့်မျှော်ကြည့်ရှုအားပေးကြမည်ဖြစ်သောကြောင့် ကြေညာထားသည့်အချိန်အတိုင်းထုတ်လွှင့်ပြသနိုင်ရန် အထူးအရေးကြီးပါသည်။ သို့ပါသောကြောင့် Miss Grand International Organization မှ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ရိုက်ကူးထုတ်လွှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ 
သို့ဖြစ်ပါ၍ကြွရောက်အားပေးကြမည့်ဂုဏ်သရေရှိလူကြီးမင်းများ၊ ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ပရိတ်သတ်များနှင့် စာနယ်ဇင်းမီဒီယာများအားလုံးအား ပြိုင်ပွဲမစတင်မီ ကြိုတင်နေရာယူပေးနိုင်ပါရန်နှင့် ပြိုင်ပွဲမတိုင်မီ နာရီဝက်အလိုတွင်ခန်းမတံခါးအားပိတ်မည်ဖြစ်ပါကြောင်းလေးစားစွာဖြင့်အထူးမေတ္တာရပ်ခံကြိုတင် အသိပေးတင်ပြအပ်ပါသည်။ 
အစီအစဉ် စတင်သည့်အချိန်မှစတင်၍ ရိုက်ကူးထုတ်လွှင့်နေစဉ်ကာလအတွင်း နေရာယူခြင်း နှင့် ဖြတ်သန်းသွားလာခြင်းများအား ပြုလုပ်စေမည်မဟုတ်ကြောင်းလေးစားစွာဖြင့်အသိပေးတင်ပြအပ်ပါသည်။

Preliminary Competition
Date - 23.10.18
Venue - The One Entertainment Park
Door Open - 05.30 pm
Door Close - 06.30 pm

Grand Final
Date - 25.10.18
Venue - The One Entertainment Park
Door Open - 07.00 pm
Door Close - 08.00 pm